Thursday, June 11, 2009

အိပ်မက်သာ

မနာကျင်စေရပါဘူး
တိမ်မျှင်တွေပေါင်းယှက်လို့
ရက်ထားတဲ့မေတ္တာခြုံထည်နဲ့
လုံခြုံစွာထွေးပေးချင်တာပါ ...

ရစ်နွယ်မှာလဲမပူပါနဲ့လေ
ငါ့ရဲ့သံယောဇဉ်ကြိုးက
မင်းလိုရာစေနိုင်တဲ့
ပန်းနဲ့သီထားတဲ့ ကြာပွတ်တစ်ချောင်းရယ်ပါ ...

မကြောင့်ကြပါနဲ့လေ
မင်းဆီကအချစ်တွေကိုမျှော်လင့်နေမယ်လို့ပေါ့ ...
တကယ်တော့
ငါက အိပ်မက်သာမက်ခွင့်ရှိသူပါ ......

No comments:

Post a Comment