Saturday, June 13, 2009

ကောင်းကင်အတွက်

ငါရဲ့ကောင်းကင် ကြည်စင်နေတာ
တိမ်ညိုတွေရယ် ဘယ်အညိုးနဲ့
နှောက်ယှက်ရက်သလဲ ….

လေပြင်းရယ်
ခပ်ကြမ်းကြမ်း ခရီးနှင်လိုက်ပါ …
မင်းနဲ့အတူ တိမ်တွေကိုပါ ခေါ်သွားပေးပါ ….

မိုးရယ် သည်းထန်စွာရွာသွန်းလိုက်ပါ
တိမ်ညိုတွေပြယ်လွင့်မှ
ငါ့ကောင်းကင်အရောင်တင့်မှာမို့လေ …

ခွင့်လွှတ်ပါတိမ်ညိုတွေရယ်
မင်းကိုကွယ်ပျောက်စေချင်တာ
ငါ့ကောင်းကင် ကြည်လင်နေစေချင်လို့ပါ ….

1 comment:

  1. ကောင်းကင်ကြီး အမြဲ ကြည်လင်နေပါစေ

    ReplyDelete