Saturday, June 20, 2009

ညီမျှခြင်း

ပေးလိုက်ရတဲ့အချိန်တွေနဲ့
ပစ်လိုက်ရတဲ့အရာတွေ
တခါမှ ထပ်တူမကျဖူးသလို
ဘယ်တော့မှ ထပ်တူကျမှာမဟုတ်ဘူး ...

အရာဝထ္တုတစ်ခုရဲ့တန်ဘိုးက
သတ်မှတ်သူပေါ်မှာ မူတည်နေပြန်တော့
သူ့အကြိုက် ကိုယ့်အကြိုက်နဲ့ပဲ
တန်ဘိုးဆိုတာလည်း ကွာသွားတာပေါ့ ....

အရာရာတိုင်းကိုသာ
တွေးပြီးဝမ်းနည်းနေမယ်ဆိုရင်
နေရာမှာတင် လဲသေသွားနိုင်တယ် ...
တကယ်တော့ မျှော်လင့်ချက်ဆိုတာလဲ
မရှိမကောင်း ရှိမကောင်းပါပဲ ...

4 comments:

  1. ကဗျာလေးတွေ လာခံစားသွားတယ်နော်

    ReplyDelete
  2. ကြယ်ကြွေကောင်းကင်ရေ ကဗျာတွေဆက်ရေး
    ပါအုံးဗျ အားပေးနေပါတယ် စီဘောက်မရှိလို.
    ဒီကဘဲ ရေးသွားရတယ် ဗျာ...
    အဆင်ပြေ ပျော်ရွှင်ပါစေဗျာ...

    ReplyDelete
  3. ကဗျာလေးလာပြီခံစားသွားပါတယ်.....

    ReplyDelete
  4. ခံစားသွားတယ် ဗျိုး

    လာလည်ဖို့ ခေါ်ပါတယ်

    ReplyDelete